𝐒𝐭𝐮𝐝𝐲 𝐔𝐒 𝐂𝐮𝐫𝐫𝐢𝐜𝐮𝐥𝐮𝐦 𝐰𝐢𝐭𝐡 𝐚 𝐋𝐢𝐜𝐞𝐧𝐬𝐞𝐝, 𝐍𝐚𝐭𝐢𝐯𝐞 𝐒𝐩𝐞𝐚𝐤𝐢𝐧𝐠 𝐓𝐞𝐚𝐜𝐡𝐞𝐫𝐬

အခုလို မသေချာမရေရာတဲ့ ကာလမျိုးမှာ မိဘများအနေဖြင့် မိမိကလေးများရဲ့ အနာဂတ် ပညာရေးအတွက် စိုးရိမ်စိတ်ပူနေကြမှုများကို ကျွန်တော်တို့ ကောင်းစွာ နားလည်သဘောပေါက်မိပါတယ်။ ကျွန်တော်တို့ IWAS သည် American Curriculum ကို အဓိကထားသင်ကြားပေးပြီး သင်ကြားမှုတွင်လည်း နိုင်ငံတကာမှ Native Speaker ဖြစ်သည့် စစ်မှန်သည့် certificate များရရှိထားသည့် အရည်အသွေးမြင့် Qualified Teachers များဖြင့် ကလေးများအား မြင့်မားသော ပညာရေးကို ထိတွေ့သင်ကြားနိုင်စေရန်အတွက် ယနေ့လိုအခက်အခဲများကြားမှ အကောင်းဆုံး ညှိနှိုင်း၍ အတူတကွ လက်တွဲသင်ကြားနိုင်စေဖို့ ကြိုးစားဆောင်ရွက်ထားပါတယ် စတဲ့ ရည်ရွယ်ချက်များဖြင့် ယနေ့လိုအခြေအနေများကြားမှ ကြိုးစားပုံဖော်နေသည့်အတွက် မိမိတို့ ကလေးများ၏ အနာဂတ်အတွက် အကောင်းဆုံးပံ့ပိုးပေးနိုင်ဖို့အတွက် ကျွန်တော်တို့ IWAS တွင် လာရောက်လေ့လာ ဆွေးနွေးပြီး အပ်နှံနိုင်စေဖို့ ဖိတ်ခေါ်လိုက်ပါတယ် […]
Mindfulness and Wellness at Inspire World American School

နိုင်ငံတကာနှင့် ရင်ဘောင်တန်းနိုင်သော အရည်အချင်းပြည့် ကျောင်းသူကျောင်းသားများဖြစ်အောင် ပြုစုပျိုးထောင်ပေးခြင်းသည် ကျွန်တော်တို့ IWAS ကျောင်း၏ ဦးစားပေး မဏ္ဍိုင်တစ်ခုဖြစ်ပါတယ် ကျောင်းသူကျောင်းသားများကို နိုင်ငံတကာအဆင့်မှီ အဆင့်မြင့် ပညာရေး ရရှိအောင် ပံ့ပိုးပေးနိုင်ခြင်း နည်းတူ မတူညီတဲ့ diversity environment များမှာ အောင်မြင်စွာ ရပ်တည်ဆောင်ရွက်နိုင်သော အရည်အချင်းပြည့်သူ တစ်ဦးဖြစ်လာနိုင်စေရန် ပုံဖော်ဆောင်ရွက်နေသော ကျောင်းတစ်ကျောင်းဖြစ်သည်နှင့်အညီ စတဲ့ ဂရုတစိုက် ပံ့ပိုးမှုများဖြင့် သင့်ကလေးကို ထူးချွန်ထက်မြက်သော ကျန်းမာကြံ့ခိုင်သည့် ကလေးတစ်ယောက်ဖြစ်လာဖို့ IWAS တွင် ယခုပဲ အပ်နှံဖို့ ဖိတ်ခေါ်လိုက်ပါတယ် ဆက်သွယ်ရန် Phone- 09- 761230590 Address- 102A, Between 66th Street * 67th Street, Mandalay, Myanmar
A Day of Scientific Discovery and Innovation

Inspire World American School မှ သိပ္ပံနည်းကျ လေ့လာဆောင်ရွက်မှုများကို အသုံးပြု၍ ဆန်းသစ်တီထွင်ရန် စိတ်အားထက်သန်လျက်ရှိသော ကျောင်းသူကျောင်းသားများ၏ စိတ်ကူးများကို ဖော်ထုတ်ပြသနိုင်သော အခွင့်အရေးတစ်ရပ်အဖြစ် ပြုလုပ်ခဲ့သာ Science Projects Exhibition ပွဲလေးကို ပုံရိပ်များမှ တစ်ဆင့် ကျွန်တော်တို့နှင့် အတူကြည့်ရှုလေ့လာဖို့ ဖိတ်ခေါ်လိုက်ပါရစေ .. 𝗜𝗻𝘀𝗽𝗶𝗿𝗲 𝗪𝗼𝗿𝗹𝗱 𝗔𝗺𝗲𝗿𝗶𝗰𝗮𝗻 𝗦𝗰𝗵𝗼𝗼𝗹 မှ ကျောင်းသူကျောင်းသားများ လုပ်ဆောင်ကြသော Cutting-edge project များကို ကြည့်ရှုခြင်းမှတစ်ဆင့် -Unleashing Creativity and Curiosity (နည်းစနစ်တကျ လေ့လာသိရှိမှုများနှင့် ဖန်တီးနိုင်မှုစွမ်းရည်များကိုပြသပုံ) – Innovative Inventions (ဆန်းသစ်သော အတွေး စိတ်ကူးများကို လက်တွေ့ပြသပုံ) များကို အံ့သြမှင်သက်ဖွယ် မြင်တွေ့ ခွင့်ရကြသော မိဘများ […]
Benefit of Students Art and Creative Classroom Activity

Inspire World American School ၏ အနုပညာ classroom activity သည် လန်းဆန်းတက်ကြွပြီး သေသပ်လှပသော ကျောင်းသားများ၏ ပန်းချီလက်ရာများ၊ ဒရာမာ နှင့်ဂီတစွမ်းရည်များ တိုးတက်လာအောင် လေ့ကျင့်သင်ကြားပေးသည့် activity တစ်ခုဖြစ်ပါသည်။ ယခုကဲသို့ လေ့ကျင့်ပေးခြင်းအားဖြင့် ကျောင်းသားများ ရရှိလာမည့်အကျိုးကျေးဇူးများကတော့ ….. ဖန်တီးနိုင်မှုမြင့်မားလာခြင်း ပန်းချီဆွဲခြင်းဖြင့် ကျောင်းသားများ၏ မသိစိတ်ထဲတွင် ကိန်းအောင်းနေသော စိတ်ကူးစိတ်သန်းအသစ်များကို ပုံဖော်ဖန်တီးပေးနိုင်သလို တီထွင်ဖန်တီးနိုင်စွမ်းအားကိုလည်း ဖော်ထုတ်မြင့်တင်ပေးနိုင်မှာဖြစ်ပါသည်။ အာရုံစူးစိုက်မှုအားကောင်းလာခြင်း ပန်းချီဆွဲခြင်းသည် ကျောင်းသား၏ စိတ်အာရုံမပျံ့လွင့်စေဘဲ မိမိဆွဲနေသည့် ပန်းချီအပေါ်မှာပင် အာရုံစိုက်နေရသည့်အတွက် အာရုံစူးစိုက်မှုအားကောင်းလာစေပါသည်။ အာရုံစူးစိုက်မှုအားကောင်းလာခြင်းသည် ပန်းချီဆွဲရာတွင်သာမက စာပေလေ့လာရာ၌လည်း အကျိုးသက်ရောက်မှုအများကြီးရရှိစေမှာဖြစ်ပါသည်။ လှုပ်ရှားမှုဖြင့် ကျန်းမာရေးအထောက်အကူပြုခြင်း တူရိယာသံစဥ်တစ်မျိုးမျိုးကို တီးခတ်စေခြင်း၊ စုတ်တံကိုအသုံးပြုပြီး ပန်းချီဆွဲစေခြင်း၊ color paper များအသုံးပြု၍ ပုံဖော်ဖန်တီးစေခြင်း […]
Child- Centered Approach Learning

အသက်သွေးကြောတမျှ အရေးကြီးလာသော ယနေ့ခေတ်ပညာရေးတွင် Child-centered approach learning ဖြင့်သင်ကြားပေးမှုကလည်း အရေးကြီးသောလိုအပ်ချက်တစ်ခုဖြစ်ပါတယ်။ထို့ကြောင့် ကျွန်တော်တို့ IWAS တွင် Child–centered approach learning နည်းစနစ်ဖြင့် ကျောင်းသားတစ်ဦးချင်းစီတိုင်း၏ လိုအပ်ချက်၊ စွမ်းဆောင်ရည်မြင့်မားမှု၊ တီထွင်ဖန်တီးနိုင်စွမ်း၊ စူးစမ်းလေ့လာနိုင်မှု နှင့် ကျောင်းသားများကိုယ်တိုင် အရာရာတိုင်းကို ယုံကြည်မှုအပြည့်ဖြင့် လုပ်ဆောင်လာနိုင်စေရန် ဆရာ၊မများက Activities များဖန်တီး၍ လေ့ကျင့်သင်ကြားပေးလျှက်ရှိပါသည်။ ယခုလိုမျိုး လေ့ကျင့်သင်ကြားပေးခြင်းကြောင့် ၂၁ ရာစုရဲ့ စွမ်းရည်ဖြစ်တဲ့ ကျောင်းသားများ ကိုယ်တိုင် ဝေဖန်ပိုင်းခြားတွေးခေါ်နိုင်မှု၊ ပြဿနာများဖြေရှင်းနိုင်မှုနှင့် တီထွင်ဖန်တီးနိုင်မှု ၊ သင်ခန်းစာအသီးသီးတိုင်းကို ကိုယ်တိုင် လေ့လာနိုင်ခြင်း၊ Activities များတွင် တက်ကြွစွာ လှုပ်ရှားပါဝင်လာနိုင်ခြင်း၊စူးစမ်းလေ့လာလိုစိတ်များ ပြင်းပြလာခြင်းနှင့် လက်တွေ့လုပ်ဆောင်နိုင်သော အတွေ့အကြုံများအပေါ် တွေးခေါ်နိုင်မှုစွမ်းရည်များမြင့်မားခြင်း စသော အရည်အသွေးများတိုးတက်လာမှာပဲဖြစ်ပါတယ်။Inspire World American […]
Benefit of Inquiry-Based Learning

IWAS မှာသင်ကြားနေသော Inquiry-Based Learning ဆိုတာ ကျောင်းသားတိုင်း သင်ခန်းစာတွေကို တက်ကြွစွာစူးစမ်းလေ့လာလိုစိတ်၊ အချင်းချင်းမေးမြန်းဆွေးနွေးခြင်း၊ လက်တွေ့စမ်းသပ်မှုများ လုပ်ဆောင်လာနိုင်အောင် သင်ကြားပို့ချနေတဲ့ နိုင်ငံတကာအသုံးပြုသောပညာရေး စနစ်ပဲဖြစ်ပါသည်။ IB (Inquiry Based) သင်ကြားပြီး ရရှိလာနိုင်သောအကျိုးကျေးဇူးများကတော့ … · ကျောင်းသားများကိုယ်တိုင် စဥ်ဆက်မပြတ် စူးစမ်းလေ့လာလိုချင်စိတ်ပြင်းပြလာခြင်း၊ · မေးခွန်းများမေးတတ်လာခြင်း၊ · လက်တွေ့စမ်းသပ်မှုများပြုလုပ်နိုင်ခြင်း၊ · အတွေးအခေါ်စွမ်းရည်မြင့်မားလာခြင်း၊ · တီထွင်ကြံဆဖန်တီးနိုင်စွမ်းတိုးတတ်လာခြင်း၊ · အကောင်းအဆိုးများကို ကျိုးကြောင်းဆီလျော်စွာ ဝေဖန်ပိုင်ခြားတွေးခေါ်နိုင်ခြင်း၊ · စိတ်ကူးဉာဏ်စွမ်းများကို အပြန်အလှန် ဆွေးနွေးတိုင်ပင်တတ်လာခြင်း၊ ·ယဥ်ကျေးမှုအလိုက်နားလည်နိုင်စွမ်းတိုးတတ်လာခြင်း၊၊ · မိမိကိုယ်ကို ယုံကြည်မှုရှိခြင်း စသောအကျိုးကျေးဇူးများအပြင် ကျောင်းသားလူငယ်များအတွက် ဘဝတစ်လျှောက်လုံး စိတ်ဓာတ်ကြံ့ခိုင်စွာရှင်သန်ကြီးထွားနိုင်ရန် နှင့် ပိုမိုကောင်းမွန်သော ကမ္ဘာကြီးကို ဦးဆောင်ဖန်တီးနိုင်စွမ်းသော ကျောင်းသားလူငယ်များ ဖြစ်လာစေရန် ဖော်ဆောင်ပေးထားခြင်းပဲ […]
Animals Project Showcase

ကျွန်တော်တို့ Inspired World American Schoolမှ သက်ရှိလူသားများနှင့် မတူ ခြားနားသော တိရိစ္ဆာန်များ၏ သဘာ၀အားဖြင့် ရှင်သန်နေထိုင်မှုကို လေ့လာ စူစမ်းပြီး မျှ၀ေထားသော ကျောင်းသူကျောင်းသားများ၏ Project-Based Learning မှတစ်ဆင့် သင်ယူလေ့လာမှုများကို ဒီ video လေးမှတစ်ဆင့် စိတ်၀င်စားဖွယ် ဖော်လိုက်ပေးလိုက်ရပါတယ် ကျောင်းသားကျောင်းသူများကို လူသားများနှင့်အတူတကွ နေထိုင်နေသော သက်ရှိများ၏ ဘ၀များကို လေးစားချစ်ခင်မှု ရှိစေရန် နှင့် သက်ရှိများအားလုံး၏ မှီခိုနေထိုင်ရာ ကမ္ဘာကြီးကို မပျက်စီးစေရန် ထိန်းသိမ်းဆောင်ရွက်ရန် တာ၀န်ရှိပုံများကို ဆရာ၊ ဆရာမများနှင့် ဆွေးနွေးဖလှယ်ခြင်းဖြင့် သင်ကြားနားလည်စေခဲ့ပါတယ် ယခု video လေးကို ကြည့်ရှုခြင်းကနေ • ကျောင်းသူကျောင်းသားများ၏ မိမိတို့လေ့လာသည့် အကြောင်းအရာပေါ်တွင် သိလိုစိတ်ပြင်းပြမှု (Curiosity) နှင့် • ကျိုးကြောင်းဆက်စပ်သော […]
𝗖𝗲𝗹𝗲𝗯𝗿𝗮𝘁𝗶𝗻𝗴 𝗗𝗶𝘃𝗲𝗿𝘀𝗶𝘁𝘆 𝗮𝗻𝗱 𝗨𝗻𝗶𝘁𝘆

ကမ္ဘာကြီးရဲ့ မတူညီသော နေရာဒေသများမှ ကျောင်းသားကျောင်းသူများနှင့် ဆရာများ အတူတကွ Inspire World American School တွင် ပညာလေ့လာသင်ယူနေခြင်းသည် စည်းလုံးညီညွတ်မှုတစ်ရပ်ကို ခိုင်မာစွာ လှစ်ပာဖော်ပြနေသကဲ့သို့ဖြစ်ပါသည်။ အလွန်လှပသော အရောင်အသွေးစုံလင်သော ပန်းများဖူးပွင့်နေသော ပန်းခြံလေးကဲ့သို့ Inspire World American School သည် ကျောင်းသားကျောင်းသူလေးများ၏ မတူကွဲပြားသော အရည်အချင်းများကို ပြုစုပျိုးထောင်ပေးလျက်ရှိသော ကျောင်းရပ်ဝန်းလေးတစ်ခုဖြစ်ပါသည်။ ….. ပညာသင်ကြားလေ့လာမှုများ၊ နေ့စဥ်လှုပ်ရှားမှုများ၊ အသိပညာဗဟုသုတများကို မျှဝေခြင်းမှတစ်ဆင့် တစ်ဦးနှင့်တစ်ဦးလေးစားချစ်ခင်ပြီး နားလည်မှုများဖြင့် ညီညွတ်စွာ သင်ယူစေသော ပတ်ဝန်းကျင်တစ်ခုအဖြစ် Inspire World American School မှ ပုံဖော်သင်ကြားပေးလျက်ရှိပါသည်။ ကျောင်းသား၊ကျောင်းသူများ အချင်းချင်းမှ တစ်ဦးပေါ်တစ်ဦး ဖေးမကူညီပြီး မတူညီသော အသိုင်းအဝိုင်းအခြေအနေများကို ညီညွတ်စွာ ထိန်းကျောင်းပြုပြင်၍ အတူတကွ တိုးတက်ကောင်းမွန်အောင် […]
Student Registration

ကမ္ဘာတစ်ဝှမ်းမှ အသိအမှတ်ပြု သင်ကြားခြင်းဆိုင်ရာ စံချိန်စံညွှန်းများနှင့်အညီ အနာဂတ်တက္ကသိုလ်ဆိုင်ရာ လိုအပ်သောပညာရေးနှင့် ပြင်ပစွမ်းရည်များကို အပြည့်အဝရရှိစေနိုင်ရန် ရည်ရွယ်ပြီး ဖွင့်လှစ်ထားသော Inspire World American School တွင် 2024-2025 ပညာသင်နှစ်အတွက် ဘက်စုံဖွံ့ဖြိုးတိုးတက်သော ပညာရေးများကို သင်ကြားခွင့်ရစေရန် ယခုလမှ စတင်ပြီး ကျောင်းအပ်နှံခြင်းအစီအစဥ်ကို လက်ခံဆောင်ရွက် ပေးနေပြီ ဖြစ်ပါသည်။ သင့်ကလေး၏အနာဂတ်ပညာရေးလမ်းကြောင်းကို မှန်ကန်စွာ လျှောက်လှမ်းနိုင်စေရန် Inspire World American School ၏ ပံ့ပိုးဝန်ဆောင်မှုများကို အောက်ပါအချက်များအတိုင်း လေ့လာ သိရှိရနိုင်ပါသည်။ International Environment ကမ္ဘာတစ်ဝှမ်းမှ မတူညီကွဲပြားသော ယဥ်ကျေးမှုရှိကြသည့် အသင်းအဖွဲ့တွင် ကြီးပျင်းသင်ယူခြင်းသည် ကျောင်းသားကျောင်းသူများအတွက် ဘာသာစကားပြောဆိုမှု၊ ပညာရေးဆိုင်ရာဖွံ့ဖြိုးတိုးတက်မှု သာမက နိုင်ငံတကာအသိုင်းအဝိုင်းများတွင် ဝင်ဆံ့နိုင်သော စွမ်းရည်များလည်း တိုးတက်လာစေနိုင်ပါသည်။ American Curriculum […]
Inspire World American School’s Cutting-Edge Facilities

Inspire World American School ၏ ပြည့်စုံကောင်းမွန်သော ခေတ်မှီသင်ကြားရေး အထောက်အကူပြုနည်းပညာ ဝန်ဆောင်မှုများအကြောင်း ….. ဘက်စုံဖွံ့ဖြိုးတိုးတက်သော ကျောင်းသားကျောင်းသူများကို မွေးထုတ်ပေးရာတွင် ခေတ်သစ်နည်းပညာများဖြင့် နိုင်ငံတကာ အဆင့်မှီပညာရေးကို ထိရောက်လျှင်မြန်စွာ ရရှိနိုင်ရန်ရည်ရွယ်ပြီး Inspire World American School မှအောက်ပါသင်ကြားမှု အထောက်အပံ့ကောင်းများဖြင့် ဝန်ဆောင်မှုပေးလျက်ရှိပါသည်…. ခေတ်မှီသော ဝန်ဆောင်မှုများနှင့်အတူ ကာယဉာဏစွမ်းရည်များကိုပါ နိုင်ငံတကာစံနှုန်းများနှင့်အညီ ဂရုစိုက်လေ့ကျင့်သင်ကြားပေးနေသည့် Inspire World American School ဖြင့်သာ ကျောင်းသားများ၏ အရည်အချင်းကို ဖော်ထုတ်ပြသလိုက်ပါ……. At Inspire World American School, our ongoing commitment involves enhancing our school facilities through the integration of […]