ယခုတစ်ခေါက် ကျောင်းလေ့လာရေးခရီးစဥ်အတွင်း ပြင်ဦးလွင်ရဲ့ ဒေသန္တရဗဟုသုတများကို လည်ပတ်လေ့လာပြီး စာသင်နှစ်တစ်နှစ်လုံး ပင်ပန်းမှုများကို ဖြေဖျောက်နိုင်ခဲ့ပြီး အားအင်သစ်များရရှိခဲ့ကြပါတယ်။
ကျောင်းမှ တာ၀န်ရှိသူများ၊ ဆရာ/မများ၊ ကျောင်းသား/သူများပါ၀င်ခဲ့ကြတဲ့ ခရီးစဥ်လေးတွင်
Botanic Garden ဖြစ်တဲ့ ပြင်ဦးလွင်မြို့၏ အထင်ကရ ကန်တော်ကြီး ဥယျာဥ် အတွင်းရှိ အပင်မျိုးစိတ်များ၊ အပင်များ၏ ဂေဟစနစ်နှင့် ထိန်းသိမ်းရေးလုပ်ငန်းစဥ်များကို Biodiversity Education တစ်ခုအနေနဲ့ လွတ်လွတ်လပ်လပ် လေ့လာသင်ကြားခဲ့ကြပါတယ်။
ဒါ့အပြင် ရုက္ခဗေဒဥယျာဥ်အတွင်းမှ အပင်များ၏ ဂေဟစနစ်များနှင့်ပတ်သက်ပြီး သိပ္ပံနည်းကျ သိလိုသည်များ စုံစမ်းမေးမြန်းကာ လက်တွေ့သင်ယူရတဲ့ Scientific Inquiry Learning အတွေ့အကြုံများကို ရရှိခဲ့ကြပါတယ်။















အေးချမ်းသာယာတဲ့ရာသီဥတု၊ သမိုင်းဆိုင်ရာအဆောက်အဦးများ၊ မြို့၏ဖွဲ့စည်းပုံ နှင့် ယဥ်ကျေးမှု အစားအစာများဖြင့် ထင်ရှားတဲ့ ပြင်ဦးလွင်မြို့ကို လည်ပတ်ရင်းနဲ့
Cultural Understanding
Historical Education နှင့် ပတ်သက်သော အသိပညာများတိုးတက်ခဲ့ကြပါတယ်။
နောက်တစ်နေ့တွင်လည်း ပြင်ဦးလွင်မြို့၏ View Piont သို့သွားရောက်ပြီး Zipline စီးသည့် စွန့်စားမှုတစ်ခုလုပ်ဆောင်ပြီး
Physical Development
Confidence Building
Environmental Awareness စတဲ့ IB learners များရဲ့ အရည်အသွေးများ ပြည့်မြောက်ကာ စိတ်ကျေနပ်ပျော်ရွှင်ခဲ့ရလို့ အားလုံးအတွက် အမှတ်တရ ကျောင်းလေ့လာရေးခရီး တစ်ခုဖြစ်ခဲ့ပါတယ်။
IB framework နှင့် American Curriculum ကို ပေါင်းစပ်ကာ ထူးချွန်သော Global Learners များကို ပျိုးထောင်ပေးနေတဲ့ IWASရဲ့ သင်ကြားရေးနည်းလမ်းများကို School Visit လာရောက်လေ့လာနိုင်ပါကြောင်း ဖိတ်ခေါ်လိုက်ရပါတယ်။
Contact us
Phone: 09-761230590
Address: 102A, Between 66th * 67th Street, Mandalay