Student Registration

 ကမ္ဘာတစ်ဝှမ်းမှ အသိအမှတ်ပြု သင်ကြားခြင်းဆိုင်ရာ စံချိန်စံညွှန်းများနှင့်အညီ အနာဂတ်တက္ကသိုလ်ဆိုင်ရာ လိုအပ်သောပညာရေးနှင့် ပြင်ပစွမ်းရည်များကို အပြည့်အဝရရှိစေနိုင်ရန် ရည်ရွယ်ပြီး ဖွင့်လှစ်ထားသော Inspire World American School တွင်  2024-2025 ပညာသင်နှစ်အတွက် ဘက်စုံဖွံ့ဖြိုးတိုးတက်သော ပညာရေးများကို သင်ကြားခွင့်ရစေရန် ယခုလမှ စတင်ပြီး ကျောင်းအပ်နှံခြင်းအစီအစဥ်ကို လက်ခံဆောင်ရွက် ပေးနေပြီ ဖြစ်ပါသည်။

သင့်ကလေး၏အနာဂတ်ပညာရေးလမ်းကြောင်းကို  မှန်ကန်စွာ လျှောက်လှမ်းနိုင်စေရန် Inspire World American School ၏ ပံ့ပိုးဝန်ဆောင်မှုများကို အောက်ပါအချက်များအတိုင်း လေ့လာ သိရှိရနိုင်ပါသည်။

International Environment

 ကမ္ဘာတစ်ဝှမ်းမှ မတူညီကွဲပြားသော ယဥ်ကျေးမှုရှိကြသည့် အသင်းအဖွဲ့တွင် ကြီးပျင်းသင်ယူခြင်းသည် ကျောင်းသားကျောင်းသူများအတွက် ဘာသာစကားပြောဆိုမှု၊ ပညာရေးဆိုင်ရာဖွံ့ဖြိုးတိုးတက်မှု သာမက နိုင်ငံတကာအသိုင်းအဝိုင်းများတွင် ဝင်ဆံ့နိုင်သော စွမ်းရည်များလည်း တိုးတက်လာစေနိုင်ပါသည်။

 American Curriculum

 ဘာသာစကားစွမ်းရည်၊ အနုပညာ၊ သင်္ချာ၊ နည်းပညာဆိုင်ရာစွမ်းရည်များကို တိုးတက်ကောင်းမွန်အောင် American Curriculum နှင့်လေ့ကျင့်သင်ကြားပေးခြင်းဖြင့် ကျောင်းသားကျောင်းသူများသည် ကမ္ဘာ့ထိပ်တန်းတက္ကသိုလ်များတွင် အမှန်တကယ်ဝင်ရောက်ခွင့် ရရှိနိုင်ခြင်းနှင့် အလုပ်အကိုင်အခွင့်အလမ်းကောင်းများကို ဖမ်းဆုပ်ထားနိုင်မည်ဖြစ်သည်။

 State – of – the – art – facilities

 အဆင့်မြင့်စွာဖန်တီးဖွဲ့စည်းထားသော ဆန်းသစ်မှုရှိသော classroom များနှင့် အဆင့်အတန်းမှီသော စံချိန်များနှင့် ပြည့်စုံသော စာကြည့်တိုက်၊ ခေတ်မှီနည်းပညာများဖြင့် တည်ဆောက်ထားသော ကစားကွင်းများ၊ ရေကူးကန်များဖြင့် ကျောင်းသားကျောင်းသူများ၏ ဆန်းသစ်တီထွင်ဖန်တီးမှု၊ အတူတကွပူးပေါင်း ဆောင်ရွက်မှု ဆိုင်ရာ အရည်အချင်းများ ပြည့်ဝလာစေရန် အကောင်းမွန်ဆုံး ပံ့ပိုးထားရှိပါသည်။ 

Licensed-Native – Speaking Teachers

 ကျွန်တော်တို့ Inspire World American School မှ သင်ကြားရေးဆိုင်ရာ ဆရာ၊ဆရာမများသည် Native English Speakers များဖြစ်သည့်အပြင် သက်ဆိုင်ရာသင်ကြားခြင်းဘာသာရပ်များတွင်လည်း ထူးချွန်ပြောင်မြောက်သူများဖြစ်ကြပါသည်။ ထိုကဲ့သို့သော အရည်အသွေးမီ အသင်းအဖွဲ့မှ အနီးကပ်စောင့်ရှောက်ကြည့်ရှုသင်ကြားမှုဖြင့် ကျောင်းသား၊ကျောင်းသူများကို ပညာရပ်ဆိုင်ရာ တိုးတက်မှုများ၊ အပြုအမှုကောင်းများ ရရှိစေရန် အထောက်အကူများစွာပြုလျက်ရှိပါသည်။

Extracurricular Activities

 ပညာရေးကဏ္ဍတွင်သာမက ကျောင်းသားကျောင်းသူများ၏ စိတ်ဝင်စားမှုများနှင့် လေ့လာသင်ယူခြင်းစသော စွမ်းရည်များ တိုးတက်လာစေရန် အားကစားနှင့် အနုပညာလှုပ်ရှားမှုများကိုလည်း အနီးကပ် လေ့ကျင့်သင်ကြားမှုများဖြင့် ထောက်ပံ့ပေးလျက်ရှိပါသည်။

 MAP Testing

 ကျောင်းသားကျောင်းသူများ၏ အရည်အချင်းတိုးတက်မှုကို အမြဲမပြတ် စစ်ဆေးခြင်းဖြင့် လိုအပ်ချက်များကို ဆွေးနွေးအကြံပြု သင်ကြားခြင်းဖြင့် အနာဂတ် တက္ကသိုလ်ပညာရပ်များတွင် လိုအပ်သော စွမ်းရည်များကို အပြည့်အဝ ရရှိနိုင်စေရန် American နိုင်ငံရှိကျောင်းသားများနှင့် နိုင်ငံတကာရှိ International School များတွင်အသုံးပြုသည့် MAP Testing အားအသုံးပြု စစ်ဆေးပေးခြင်းဖြင့် ပညာ‌ရေးကဏ္ဍကို တိုးတက်အောင် ထောက်ပံ့ပေးလျက်ရှိပါသည်။

 သင့်ကလေး၏အနာဂတ်ပညာရေးလမ်းကြောင်းကို ကမ္ဘ့ာအဆင့်မှီပညာရပ်များနှင့် လေ့လာခွင့်ပြုချင်တယ်ဆိုရင်တော့  Inspire World American School ၏ အထက်ဖော်ပြပါ ဝန်ဆောင်မှုများနှင့်အတူ School Registration Fee 10 သိန်းကျပ် Discount  ကြီးကိုရယူလိုက်ပါ…

 School Fee 10 သိန်းကျပ် Discount ကတော့ February လအတွင်းလာရောက်အပ်နှံသော မည်သည့်ကျောင်းသားသစ်မဆို ရရှိမှာဖြစ်လို့ အမြန်ဆုံးလာရောက်အပ်နှံထားမှ စိတ်ချရမယ်နော်…

IWAS ကျောင်းသို့ ကိုယ်တိုင်လာရောက်လေ့လာချင်သောကျောင်းသားများနှင့် မိဘများအတွက်…

Phone – 09-761230590

Address – 102A, Between 66th Street * 67th Street, Mandalay, Myanmar

Share this post