We are thrilled to announce that our Senior Leadership Team recently represented Inspire World American School (IWAS) at the IB Southeast Asian Summit 2024 held in Jakarta, Indonesia!
We were honored to be the only school from Myanmar attending this prestigious event, demonstrating our commitment to providing a world-class education for our students.
The summit featured a lineup of incredible keynote speakers, including Prof. Dr. Iwan Syahril, Director General of the Ministry of Primary and Secondary Education, Indonesia, who shared valuable insights on the future of education.
We also had the privilege of participating in a thought-provoking panel discussion led by Dr. Florian Ciprian Baciu, Senior IB World Schools Manager.
Attending this summit has been an invaluable experience for our IB Coordinator and has directly benefited IWAS by:
Strengthening our commitment to delivering a high-quality, globally recognized education.
Equipping our educators with the latest strategies to support student learning and development.
Building connections with other IB schools to share best practices and collaborate on initiatives.
We are excited to implement these new insights and continue to raise the bar for international education in Myanmar!
Here’s to more global opportunities and a bright future ahead for our IB learners!
[Myanmar Version]
Inspire World American School (IWAS) မှ ပညာရေး ဦးဆောင်အဖွဲ့သည် အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမြို့တွင် ကျင်းပခဲ့သော ၂၀၂၄ ခုနှစ် IB အရှေ့တောင်အာရှ ထိပ်သီးအစည်းအဝေးသို့ တက်ရောက်နိုင်ခဲ့သည့်အတွက် များစွာဂုဏ်ယူဝမ်းမြောက်မိကြောင်း ပြောကြားလိုပါသည်။
ကျွန်တော်တို့ IWAS အနေဖြင့် ယခု IB အစည်းအဝေးပွဲသို့ မြန်မာနိုင်ငံမှ တက်ရောက်သည့် တစ်ဦးတည်းသော ကိုယ်စားပြုအဖွဲ့ဖြစ်ပြီး ယခုလို တက်ရောက်ခွင့်ရခြင်းသည် ကမ္ဘာ့အဆင့်မီ ပညာရေးကို ပံ့ပိုးပေးနိုင်ရန် အစွမ်းကုန် ကြိုးစားဆောင်ရွက်နေသည့် IWAS၏ ပညာရေး ကတိကဝတ်အကောင်အထည်ဖော်နေခြင်းကို များစွာ ထင်ဟပ်စေပါသည်။
ယခုတက်ရောက်ခဲ့သော ထိပ်သီးအစည်းအဝေးတွင် အင်ဒိုနီးရှားနိုင်ငံ ပညာရေးဝန်ကြီးဌာန အခြေခံပညာ မူလတန်းနှင့် အလယ်တန်း အထူးပြု ဌာန၏ ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာ Iwan Syahril ကဲ့သို့သော ထင်ရှားသည့် ပုဂ္ဂိုလ်များမှ အနာဂတ်ပညာရေးအတွက် အဖိုးတန်သည့် ထိုးထွင်းသိမြင်မှုများကို မျှဝေခဲ့ကြပါသည်။ ထို့အပြင် IB World Schools မှ Senior Manager ဒေါက်တာ Florian Ciprian Baciu ဦးဆောင်သည့် ပညာရေးဆိုင်ရာ အတွေးအခေါ်များကို လှုံ့ဆော်ပေးသည့် ဆွေးနွေးပွဲတွင်လည်း ပါဝင်ခွင့် ရရှိခဲ့ပါသည်။
ယခုထိပ်သီးအစည်းအဝေးသို့ တက်ရောက်နိုင်ခဲ့ခြင်းသည် ကျွန်တော်တို့ IWAS အတွက် အလွန်အကျိုးရှိစေခဲ့ပြီး အဓိကအကျိုးကျေးဇူးများအနေဖြင့်ကတော့…
အရည်အသွေးမြင့် ကမ္ဘာ့အသိအမှတ်ပြု ပညာရေးစနစ်များကို ပို့ချပေးနိုင်ရန် ကျွန်တော်တို့ IWAS ရဲ့ ပညာရေး ကတိကဝတ်ကို ပိုမိုခိုင်မာစေခြင်း
ကျောင်းသားများ၏ သင်ယူမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုကို အကောင်းမွန်ဆုံးပံ့ပိုးပေးနိုင်ရန် နောက်ဆုံးပေါ် သင်ကြားရေးနည်းဗျူဟာများကို ဆရာ၊ ဆရာမများအား ပေးအပ်နိုင်စေခြင်း
အကောင်းမွန်ဆုံး လုပ်ဆောင်မှုများကို မျှဝေနိုင်ရန်နှင့် ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်နိုင်ရန် အခြား IB ကျောင်းများနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်စေခြင်း အစရှိသည့် အကျိုးကျေးဇူးများစွာကို ရရှိခဲ့ပါသည်။
ယခုကဲ့သို့ အတွေးအမြင် နည်းလမ်းအသစ်များကို အသုံးချပြီး မြန်မာနိုင်ငံ၏ နိုင်ငံတကာပညာရေးအဆင့်အတန်းကို မြှင့်တင်ပေးနိုင်ရန် များစွာမျှော်လင့်မိပါသည်။
ကျွန်တော်တို့၏ IWAS တွင်တက်ရောက်လျက်ရှိသည့် IB ကျောင်းသားများအတွက် ကမ္ဘာလုံးဆိုင်ရာ အခွင့်အလမ်းများနှင့် လင်းလက်တောက်ပသော အနာဂတ်ကို ဖန်တီးပေးနိုင်ရန် ဆက်လက်ကြိုးစားပုံဖော်သွားမည်ဖြစ်ပါသည်။
Contact us
Phone: 09-761230590
Address: 102A, Between 66th * 67th Street, Mandalay