IWAS – Inspire World American School တွင် တစ်နှစ်တာတက်ရောက်ခဲ့ကြပြီး မိမိကလေးရဲ့တိုးတက်မှုများနှင့် ကျောင်းမှ ပံ့ပိုးပေးမှုများအပေါ် ကျေနပ်ခဲ့ကြတဲ့ မေမေတို့ရဲ့ ပီတိစကားသံလေးများ……
မိမိတို့ကလေးများကို စစ်မှန်တဲ့ နိုင်ငံတကာပညာရေးဖြင့် ပျိုးထောင်ပေးချင်သူ မိဘများအတွက် စဥ်းစားဆုံးဖြတ်စရာ အချက်များစွာရှိနေခြင်းမှာကား အမှန်ပင် ဖြစ်ပါတယ်။
ကလေးများ၏နိုင်ငံတကာပညာရေးတွင် သင်ကြားရေးအတွေ့အကြုံရှိ IB Qualified Teacher များနှင့် ကလေးက စာသင်နှစ်တစ်လျှောက်လုံး တိုက်ရိုက်ထိတွေ့သင်ကြားနိုင်ခြင်းသည် မိဘများအနေနဲ့ IWAS ကို အဓိကထား စိတ်ချယုံကြည်စွာ ရွေးချယ်လာကြသည့် အချက်တစ်ချက် ဖြစ်ပါတယ်။
နောက်ထပ် အရေးကြီးတဲ့ အချက်ကတော့ IWAS သည် ကမ္ဘာ့အကောင်းဆုံး တက္ကသိုလ်များမှ တိုက်ရိုက်လက်ခံတဲ့ American Curriculum နှင့် IB framework ကို ပေါင်းစပ်သင်ကြားခြင်းဖြစ်သည့်အတွက် နိုင်ငံတကာတက္ကသိုလ်များသို့ ၀င်ရောက်တဲ့နေရာတွင် အကောင်းဆုံးပြင်ဆင်ပေးနိုင်တာပဲ ဖြစ်ပါတယ်။
ဒါ့အပြင် မိမိကလေးရဲ့အားနည်းချက်၊ အားသာချက်များကိုမြင်တွေ့နိုင်ပြီး လိုအပ်ချက်များအတိုင်းလမ်းညွှန်သင်ကြားပေးနိုင်အောင် ကျောင်းသားအရေအတွက်ကန့်သတ်ထားတဲ့ စာသင်ခန်းများတွင် နိုင်ငံတကာအဆင့်မီ Facilities များနှင့် သင်ကြားရသည့်အတွက် ကလေးရဲ့ တိုးတက်မှုကို မျက်မြင်တွေ့ရှိရခြင်းတို့ပဲဖြစ်ပါတယ်။
ယခုလို video လေးမှတစ်ဆင့် မျှ၀ေထားကြတဲ့ မေမေတို့ရဲ့ စကားသံလေးများကို ကြည့်ရှုနားထောင်ပြီးပါက လာမယ့် 2025-2026 ပညာသင်နှစ် အတွက် IWASကို လာရောက်လေ့လာနိုင်ပါကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။
Contact us
Phone: 09-761230590
Address: 102A, Between 66th * 67th Street, Mandalay