Our Open House was more than an opportunity to share information. It was a chance to come together as a school community and begin a new year with a shared understanding of what matters most: our students.
We welcomed our IWAS families back to campus, introduced the teachers who will guide and support our students this year, shared our expectations and goals, and opened the door to the conversations and partnerships that make a strong school community possible.
As an IB World School for the Primary Years Programme and an MYP Candidate School, we are proud of how far IWAS has come. But growth is not simply about programmes, milestones or titles. It is about what happens every day in our classrooms. It is about children feeling safe enough to ask questions, confident enough to take risks, supported enough to make mistakes, and inspired enough to keep learning.
None of that happens through school alone.
When families and educators communicate openly, trust one another and work towards the same goal, children feel that partnership around them. That is the community we want to continue building at IWAS.
Thank you to every parent and family member who joined us, listened, asked questions, met our teachers and took the time to be part of the day. Your presence matters.
A new school year is beginning, and with it comes another year of learning, challenges, friendships, discoveries and moments we cannot yet predict.
We are excited to see the story our students will write this year.
Welcome to the 2026–2027 school year. Welcome back to IWAS.
နိုင်ငံတကာအဆင့်မီ ပညာရေးနှင့်အတူ စတင်မည့် 𝐈𝐖𝐀𝐒 ၏ (၂၀၂၆-၂၀၂၇) ပညာသင်နှစ်သစ်မှ နွေးထွေးစွာ ကြိုဆိုပါတယ်။
သြဂုတ်လ (၁၈)ရက်နေ့က ကျင်းပခဲ့သည့် 𝐈𝐖𝐀𝐒 ၏ 𝐒𝐜𝐡𝐨𝐨𝐥 𝐎𝐩𝐞𝐧 𝐇𝐨𝐮𝐬𝐞 ပွဲလေးသည် အချက်အလက်များကို မျှဝေရုံသာမက ကျောင်းသား၊ ကျောင်းသူများ၏ အောင်မြင်သော အနာဂတ်အတွက် ကျောင်းသား၊ မိဘနှင့် ဆရာများအကြား တူညီသော နားလည်မှု၊ ခိုင်မာသော ပူးပေါင်းဆောင်ရွက်မှုတို့ဖြင့် ပညာသင်နှစ်သစ်ကို အတူတကွ စတင်နိုင်ခဲ့သည့် အဖိုးတန် နေ့ရက်တစ်ရက် ဖြစ်ခဲ့ပါတယ်။
ထို့နောက် ယခုနှစ်အတွက် ကျောင်းသား/သူများကို လမ်းညွှန်သင်ကြားပေးမည့် 𝐈𝐖𝐀𝐒 ၏ ဆရာ၊ ဆရာမများနှင့် မိတ်ဆက်ပေးခဲ့ပြီး နွေးထွေးသော ပညာရေးမိသားစုအသိုက်အဝန်းကို အတူတကွ တည်ဆောက်နိုင်ခဲ့ပါတယ်။
မန္တလေးမြို့ရဲ့ ပထမဆုံးသော 𝐈𝐁 𝐏𝐘𝐏 𝐖𝐨𝐫𝐥𝐝 𝐒𝐜𝐡𝐨𝐨𝐥 နှင့် 𝐌𝐘𝐏 𝐂𝐚𝐧𝐝𝐢𝐝𝐚𝐭𝐞 𝐒𝐜𝐡𝐨𝐨𝐥 အဖြစ်ရပ်တည်နေသည့် 𝐈𝐖𝐀𝐒 သည် ကျောင်းသား/သူများအား စစ်မှန်သော ပညာရေးကို စာသင်ခန်းအတွင်း လုံခြုံနွေးထွေးစွာ သင်ယူနိုင်စေရုံသာမက ယုံကြည်မှုရှိရှိ စူးစမ်းလေ့လာနိုင်ရန်၊ လွတ်လပ်စွာ မေးခွန်းထုတ်နိုင်ရန်နှင့် အမှားများမှတဆင့် ရဲရင့်စွာ ဆက်လက်သင်ယူနိုင်ရန် ကျောင်းသား၊ မိဘများနှင့် ဆရာ/မများ လက်တွဲညီစွာ အတူတကွ ကြိုးပမ်းသွားမည် ဖြစ်ပါသည်။
ယခုကဲ့သို့ အချိန်ပေး၍ တက်ရောက်ပေးခဲ့ကြသော 𝐈𝐖𝐀𝐒 ၏ မိသားစုဝင် တစ်ဦးချင်းစီတိုင်းကိုလည်း အထူးပင် ကျေးဇူးတင်ရှိပါသည်။
ယခုနှစ်အတွက် ကျောင်းသား/သူများ၏ စူးစမ်း လေ့လာသင်ယူမှု အသစ်များ၊ ဖန်တီးမှုစွမ်းရည်အသစ်များနှင့်အတူ ပြန်လည်မြင်တွေ့ရရန် ဝမ်းသာပီတိဖြစ်ရပါတယ်။
Welcome to the 2026–2027 school year. Welcome back to IWAS.
Contact us: 📞 Phone: 09-761230590
Address: 102A, Between 66th * 67th Street, Mandalay