IWAS ကျောင်းတော်ကြီးရဲ့ ဒီဇင်ဘာ ဖျော်ဖြေပွဲလေးကို အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါပြီ။
ကျောင်းသား၊ ကျောင်းသူလေးတွေရဲ့ ကြိုးစားအားထုတ်မှုတွေ၊ ယုံကြည်မှုအပြည့်နဲ့ တင်ဆက်ခဲ့တဲ့ ချစ်စဖွယ် ဖျော်ဖြေမှုတွေက ပွဲကြည့်ပရိသတ်တွေအားလုံးကို စိတ်လှုပ်ရှား ပျော်ရွှင်စေခဲ့ပါတယ်။














အခမ်းအနားကို ကျောင်းအုပ်ကြီး၏ အဖွင့်အမှာစကားဖြင့် စတင်ခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများကလည်း သူတို့၏ တီထွင်ဖန်တီးနိုင်စွမ်းနှင့် အနုပညာအရည်အသွေးများကို ဖျော်ဖြေမှုအမျိုးမျိုးမှတဆင့် ထုတ်ဖော်ပြသခဲ့ကြတယ်။
ဤပွဲဟာ ကျောင်းသားများ၏ သင်ယူမှုစွမ်းရည်နှင့် ယုံကြည်မှုကို မြှင့်တင်ပေးရန် ရည်ရွယ်ခြင်းဖြစ်ပြီး၊ ကျောင်းသားတစ်ဦးချင်းစီ၏ ကြိုးစားအားထုတ်မှုများကို ဂုဏ်ပြုတဲ့ ပွဲတစ်ခုလည်း ဖြစ်ပါတယ်။
မိဘအုပ်ထိန်းသူများ၏ ပူးပေါင်းပါဝင်မှုနှင့် ဆရာ၊ ဆရာမများ၏ လမ်းညွှန်မှုများကြောင့် ယခုကဲ့သို့ အနှစ်သာရရှိသော ဖျော်ဖြေပွဲတစ်ခုကို ဖန်တီးနိုင်ခဲ့တာပဲဖြစ်ပါတယ်။
ကလေးတို့ရဲ့ တက်ကြွလှပတဲ့ ခရစ္စမတ်ကိုဖော်ကျူးတဲ့ အဆို၊အက နဲ့ အပြုံးတိုင်းက ကျွန်တော်တို့အတွက်တော့ တန်ဖိုးမဖြတ်နိုင်တဲ့ ခရစ္စမတ်လက်ဆောင်တွေပါပဲ။
ကူညီပေးကြတဲ့ မိဘများနဲ့ ဆရာ၊ ဆရာမများအားလုံးကိုလည်း အထူးကျေးဇူးတင်ရှိပါတယ်။
ပျော်ရွှင်စရာ ခရစ္စမတ်နဲ့ နှစ်သစ်ဖြစ်ပါစေကြောင်း ဆုတောင်းမေတ္တာပို့သလိုက်ပါရစေ။
Merry Christmas and Happy New Year!
Contact us:
Phone: 09-761230590
Address: 102A, Between 66th*67th Street, Mandalay