Inspire World American School မှာ အသစ်စက်စက် “The Hungry Caterpillar” ဆိုတဲ့ ဥယျာဥ်လေးကို ဖွင့်လိုက်ပါပြီ။ ကျောင်းသားလေးတွေ သဘာဝနဲ့ ထိတွေ့ဆက်ဆံပြီး စူးစမ်းလေ့လာစိတ်ကို ပျိုးထောင်နိုင်မယ့် ဒီ စာသင်ခန်းပြင်ပ သင်ယူမှု နေရာလေးကို မိတ်ဆက်ပေးရတာ အရမ်းကို စိတ်လှုပ်ရှားရပါတယ်။
🌱 “The Hungry Caterpillar” ဥယျာဥ်လေးကနေ ဘယ်လို အကျိုးကျေးဇူးတွေရလာမလဲ? 🌱
သင်ယူမှုကို မြှင့်တင်ပေးမယ် – ဒီဥယျာဥ်ကျောင်းခန်းလေးမှာ အပင်လေးတွေ၊ ဂေဟစနစ်နဲ့ ရေရှည်တည်တံ့မှုအကြောင်း လက်တွေ့ကျကျ သင်ယူနိုင်မှာပါ။ ဥယျာဉ်စိုက်ပျိုးရေးလုပ်ငန်းတွေကနေ ဇီဝဗေဒ၊ သိပ္ပံနဲ့ သင်္ချာဘာသာရပ်တွေကိုပါ ပျော်စရာကောင်းကောင်း သင်ယူနိုင်မှာပါ။
ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အလေ့အထတွေ မြှင့်တင်ပေးမယ် – ဥယျာဉ်စိုက်ပျိုးရေးလုပ်တာက ကျောင်းသားလေးတွေကို ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေ ရွေးချယ်စားသောက်ဖို့ အားပေးပါတယ်။ သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက်တွေ စိုက်ပျိုးရင်း အာဟာရရှိတဲ့ အစားအစာတွေရဲ့ အရေးပါပုံကို သဘောပေါက်လာမှာပါ။ 🍎🥦
တာဝန်ယူမှုနဲ့ ပြုစုပျိုးထောင်တတ်မှုကို သင်ပေးမယ် – ဥယျာဉ်လေးကို ပြုစုစောင့်ရှောက်တာက ကလေးတွေကို တာဝန်ယူတတ်မှုနဲ့ ကြိုးစားမှုရဲ့ အကျိုးကို သင်ကြားပေးပါတယ်။ သူတို့ရဲ့ အပင်လေးတွေ ကြီးထွားလာတာကို မြင်ရရင် အောင်မြင်မှုရဲ့ ပီတိကိုလည်း ခံစားရမှာပါ။
အဖွဲ့လိုက် လုပ်ဆောင်မှုနဲ့ လူမှုဆက်ဆံရေး ကျွမ်းကျင်မှုတွေ မြှင့်တင်ပေးမယ် – ဥယျာဉ်ထဲမှာ အတူတူ လုပ်ကိုင်ရင်း ကျောင်းသားလေးတွေအတွက် ပူးပေါင်းဆောင်ရွက်မှု၊ ဆက်သွယ်ရေးစွမ်းရည်တွေ တိုးတက်စေမယ့် အခွင့်အရေးတွေ ဖန်တီးပေးပါလိမ့်မယ်။ 🧑🤝🧑
“The Hungry Caterpillar” က ကျောင်းသားလေးတွေကို စူးစမ်းလေ့လာစိတ်နဲ့ အတွေ့အကြုံအပေါ် အခြေခံတဲ့ သင်ယူမှုတွေ ရရှိစေမယ့် နေရာလေးတစ်ခုပါ။
🙌 ပါဝင်လှုပ်ရှားကြပါစို့ 🙌
မိဘတွေ ၊ အုပ်ထိန်းသူတွေအားလုံး ဒီဥယျာဉ် စီမံကိန်းလေးမှာ ပါဝင်ဖို့ ဖိတ်ခေါ်ပါရစေ။ ဥယျာဉ်စိုက်ပျိုးရေး ပစ္စည်းလေးတွေ လှူဒါန်းတာပဲဖြစ်ဖြစ်၊ ကိုယ့်ရဲ့ ဥယျာဉ်စိုက်ပျိုးရေး အတွေ့အကြုံလေးတွေ မျှဝေတာပဲဖြစ်ဖြစ်၊ မိဘများရဲ့ အကူအညီက ဒီစီမံကိန်းကို အောင်မြင်စေဖို့ အထောက်အကူပြုမှာပါ။
“The Hungry Caterpillar” က ကျောင်းသားလေးတွေနဲ့ ကျောင်းသားအသိုင်းအဝိုင်းကို ယူဆောင်လာပေးမယ့် ပျော်ရွှင်မှုနဲ့ သင်ယူမှုတွေကို မြင်တွေ့ရဖို့ ကျွန်ုပ်တို့ မျှော်လင့်နေပါတယ်။ 💚
ကလေးငယ်များ ထူးချွန်စွာ ကြီးပြင်းဖွံ့ဖြိုးဖို့ လှုံ့ဆော်ပေးတဲ့ သင်ယူမှုနေရာတစ်ခု ဖြစ်အောင် IWAS ၏စဉ်ဆက်မပြတ် ကြိုးစားနေမှုကို အားပေးနေတဲ့အတွက် မိဘများကိုလည်း အထူးကျေးဇူးတင်ရှိပါတယ်။
[English Below ]
Inspire World American School is thrilled to unveil its brand-new “The Hungry Caterpillar” garden! We’re excited to introduce this outdoor learning space where students can connect with nature and cultivate their curiosity.
🌱 What benefits can we expect from “The Hungry Caterpillar” garden? 🌱
Enhances learning – This garden classroom provides hands-on learning about plants, ecosystems, and sustainability. Gardening activities also make learning biology, science, and math fun and engaging.
Promotes healthy habits – Gardening encourages students to make healthy food choices. Growing fruits and vegetables helps them understand the importance of nutritious food. 🍎🥦
Teaches responsibility and nurturing – Caring for the garden instills a sense of responsibility and shows the rewards of hard work. Seeing their plants grow gives students a sense of accomplishment.
Boosts teamwork and social skills – Working together in the garden creates opportunities for collaboration and improves communication skills. 🧑🤝🧑 “The Hungry Caterpillar” offers a space for exploration and experience-based learning.
🙌 Let’s get involved! 🙌
We invite all parents and guardians to participate in this garden project. Whether it’s donating gardening supplies or sharing your gardening expertise, your support will help make this project a success.
We look forward to seeing the joy and learning that “The Hungry Caterpillar” will bring to our students and school community. 💚
We extend our sincere gratitude to parents for their continuous support of IWAS’s efforts to create an inspiring learning environment where young minds thrive.
Contact us –
Phone: 09-761230590
Address: 102A, Between 66th * 67th Street, Mandalay