မန္တလေးမြို့ရဲ့ တစ်ခုတည်းသော 𝗜𝗕 𝗣𝗬𝗣 𝗖𝗮𝗻𝗱𝗶𝗱𝗮𝘁𝗲 𝗦𝗰𝗵𝗼𝗼𝗹 ဖြစ်သည့် 𝗜𝗪𝗔𝗦
ကလေးတွေကို ကျောင်းစာသာမက ဘဝတစ်လျှောက်လုံး အောင်မြင်စွာ ရပ်တည်နိုင်မည့် ခေါင်းဆောင်ကောင်းများ ဖြစ်လာစေရန် ပြင်ဆင်ပေးလိုပါသလား။
𝗜𝗪𝗔𝗦 တွင် ကလေးများအား လက်တွေ့ဘဝတွင် ကြုံတွေ့ရမည့် စိန်ခေါ်မှုများကို ရင်ဆိုင်ကျော်ဖြတ်နိုင်ရန်၊ ကမ္ဘာလုံးဆိုင်ရာ အမြင်ဖြင့် တွေးခေါ်နိုင်စွမ်းမြင့်မားသော အနာဂတ်ကြယ်ပွင့်လေးများ ဖြစ်လာစေရန် ကမ္ဘာ့အကောင်းဆုံးပညာရေးတစ်ခုဖြစ်သည့် 𝗜𝗕 𝗣𝗬𝗣 𝗙𝗿𝗮𝗺𝗲𝘄𝗼𝗿𝗸 ဖြင့် စနစ်တကျ လေ့ကျင့်သင်ကြားပေးလျက်ရှိပါသည်။
𝗜𝗪𝗔𝗦ကို ရွေးချယ်သင့်သည့် အဓိကအချက်များ …
𝗜𝗕-𝗖𝗲𝗿𝘁𝗶𝗳𝗶𝗲𝗱 ဆရာ၊ ဆရာမများ: 𝗜𝗪𝗔𝗦 ရှိ 𝗵𝗼𝗺𝗲𝗿𝗼𝗼𝗺 ဆရာ၊ ဆရာမများ နှင့် ဘာသာရပ်ဆိုင်ရာ ဆရာ၊ဆရာမ များသည် 𝗜𝗕-𝗖𝗲𝗿𝘁𝗶𝗳𝗶𝗲𝗱 ဆရာ၊ ဆရာမများ ဖြစ်ကြသည့်အပြင် 𝗜𝗕 𝗘𝗱𝘂𝗰𝗮𝘁𝗼𝗿 𝗡𝗲𝘁𝘄𝗼𝗿𝗸 (𝗜𝗕𝗘𝗡) မှ အသိအမှတ်ပြု 𝗧𝗿𝗮𝗶𝗻𝗲𝗿𝘀 များ၏ လမ်းညွှန်မှုအတိုင်း 𝗜𝗕 𝗣𝗬𝗣 𝗙𝗿𝗮𝗺𝗲𝘄𝗼𝗿𝗸 သင်ကြားမှုနည်းစနစ်များကို အသုံးပြုကာ ကလေးများရဲ့ လေ့လာစူးစမ်းလိုစိတ်၊ သိလိုစိတ်ပြင်းပြမှု၊ ဝေဖန်ပိုင်းခြားတွေးခေါ်နိုင်စွမ်း နှင့် နိုင်ငံတကာအမြင်တို့ကို မြှင့်တင်ပေးလျက်ရှိပါသည်။



𝗗𝗲𝗱𝗶𝗰𝗮𝘁𝗲𝗱 𝗟𝗲𝗮𝗱𝗲𝗿𝘀𝗵𝗶𝗽 (ခိုင်မာသော ဦးဆောင်မှု): 𝗜𝗪𝗔𝗦 သည် ကျောင်းသားများအတွက် အကောင်းဆုံးနှင့် ပြည့်စုံသော ပညာရေးဝန်ဆောင်မှုများပေးစွမ်းနိုင်ရန် ကျောင်း 𝗟𝗲𝗮𝗱𝗲𝗿𝘀𝗵𝗶𝗽 𝗧𝗲𝗮𝗺 မှ 𝗜𝗻𝘁𝗲𝗿𝗻𝗮𝘁𝗶𝗼𝗻𝗮𝗹 𝗕𝗮𝗰𝗰𝗮𝗹𝗮𝘂𝗿𝗲𝗮𝘁𝗲 𝗢𝗿𝗴𝗮𝗻𝗶𝘇𝗮𝘁𝗶𝗼𝗻 (𝗜𝗕𝗢) နှင့် အနီးကပ် ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်လျက်ရှိပါသည်။
ထူးခြားသော ရလဒ်ကောင်းများ: 𝗜𝗪𝗔𝗦 သည် 𝗜𝗕 𝗖𝗮𝗻𝗱𝗶𝗱𝗮𝘁𝗲 𝗦𝗰𝗵𝗼𝗼𝗹 ဖြစ်လာပြီး ( ၆ ) လမပြည့်သေးခင်မှာပင် တရားဝင် 𝗜𝗕 ကမ္ဘာ့ထိပ်တန်းအစည်းအဝေး (၂) ခုတွင် ပါဝင်တက်ရောက်ခဲ့သည့်အပြင် မြန်မာနိုင်ငံတွင် ပထမဆုံး 𝗜𝗕 𝗢𝗿𝗴𝗮𝗻𝗶𝘇𝗮𝘁𝗶𝗼𝗻 နှင့် ချိတ်ဆက်၍ 𝗜𝗕 𝗘𝗱𝘂𝗰𝗮𝘁𝗼𝗿 𝗧𝗿𝗮𝗶𝗻𝗶𝗻𝗴 ကို ကျင်းပခဲ့ခြင်းတို့ကြောင့် မန္တလေးမြို့တွင် တစ်ခုတည်းသော စစ်မှန်သည့် 𝗜𝗕 ပညာရေးကို ပေးစွမ်းနိုင်သည့် ကျောင်းအဖြစ်ရပ်တည်နေတာဖြစ်ပါသည်။
ပညာရေးကျင့်ဝတ် ခိုင်မာခြင်း : 𝗜𝗪𝗔𝗦 သည် ကျောင်းစတင်တည်ထောင်ချိန်မှ စ၍ ခိုင်မာသော ပညာရေးကျင့်ဝတ်ကို ကိုင်ဆောင်၍ ကျောင်းသား နှင့် မိဘများ အပေါ် မှန်ကန်သော သတင်းအချက်အလက်များကိုသာ ကြေညာခြင်း၊ 𝗔𝗰𝗮𝗱𝗲𝗺𝗶𝗰 𝗜𝗻𝘁𝗲𝗴𝗿𝗶𝘁𝘆 ပြည့်၀စွာ ကျောင်းသားများအား မှန်ကန်စွာ အကဲဖြတ်ခြင်း နှင့် စစ်မှန်သော ပညာရေးအရည်အသွေးကို ပေးအပ်ခြင်း စသည့် ခိုင်မာသော ပညာရေး မူဝါဒကို ချမှတ်၍ ကျောင်းသား၊ ကျောင်းသူများအား စစ်မှန်သည့် နိုင်ငံတကာ ပညာရေးစနစ်ကို ပေးအပ်လျက် ရှိပါသည်။
𝗜𝗕 ပညာရေး၏ အားသာချက်များ …
ပုံမှန်သင်ရိုးညွှန်းတမ်းများနှင့်မတူဘဲ 𝗜𝗕 ပညာရေး၏ ထူးခြားချက်များက ကျောင်းသားများအား-
ကမ္ဘာလုံးဆိုင်ရာ အမြင်နှင့် ယဉ်ကျေးမှုကို နားလည်တတ်သူများ ဖြစ်လာစေခြင်း
ဝေဖန်ပိုင်းခြားတွေးခေါ်နိုင်စွမ်းရှိပြီး တစ်သက်တာ သင်ယူလေ့လာနိုင်စွမ်းပြည့်ဝသူများ ဖြစ်လာစေခြင်း
အများကို စာနာပေးတတ်သူများ၊ ယုံကြည်မှုရှိပြီး ကိုယ်ကျင့်တရားကောင်းမွန်သူလေးများ ဖြစ်လာစေခြင်း
ကမ္ဘာတစ်ဝန်းရှိ ထိပ်တန်းတက္ကသိုလ်များသို့ ဝင်ရောက်နိုင်ရန် အဆင့်သင့် ဖြစ်နေစေခြင်း နှင့် ထိပ်တန်းတက္ကသိုလ်များ၏ 𝗣𝗿𝗲𝗳𝗲𝗿𝗿𝗲𝗱 𝗛𝗶𝗴𝗵 𝗦𝗰𝗵𝗼𝗼𝗹 𝗗𝗶𝗽𝗹𝗼𝗺𝗮 ဖြစ်ခြင်း။
𝗜𝗕 ပညာရေးသည် ကျောင်းသားများကို တွေးခေါ်တတ်ရန်သာမက စူးစမ်းလေ့လာမှု၊ ပူးပေါင်းဆောင်ရွက်မှုနှင့် လေ့လာသုံးသပ်မှုများကိုပါ စနစ်တကျ သင်ကြားပေးပါသည်။
ယနေ့ခေတ် ကမ္ဘာတွင် လိုအပ်သော အရည်အချင်းများကို ကျောင်းသားများ ပြည့်စုံစွာ ရရှိနိုင်ရန် ကျွန်တော်တို့ 𝗜𝗪𝗔𝗦 ရှိ ဆရာ၊ဆရာမများက အစဉ်အမြဲ ထောက်ပံ့ပေးလျက်ရှိပါသည်။
မိမိကလေးငယ်များကို ကမ္ဘာလုံးဆိုင်ရာ အသိအမြင်ကြွယ်ဝပြီး လိုက်လျောညီထွေစွာ ပေါင်းသင်းဆက်ဆံတတ်သော လူရည်ချွန်လေးများဖြစ်လာစေချင်တယ်ဆိုရင်…
၂၀၂၅-၂၀၂၆ ပညာသင်နှစ်သစ်မှာ မန္တလေးမြို့ရဲ့ တစ်ခုတည်းသော IB PYP Candidate School ဖြစ်တဲ့ 𝗜𝗪𝗔𝗦ကိုသာ အမြန်ဆုံး လာရောက်အပ်နှံဖို့ ဖိတ်ခေါ်လိုက်ပါတယ်။
𝑰𝒏𝒔𝒑𝒊𝒓𝒆. 𝑳𝒆𝒂𝒅. 𝑮𝒓𝒐𝒘. 𝑻𝒉𝒆 𝒇𝒖𝒕𝒖𝒓𝒆 𝒃𝒆𝒈𝒊𝒏𝒔 𝒂𝒕 𝑰𝑾𝑨𝑺.
Contact us
Phone: 09-761230590
Address: 102A, Between 66th * 67th Street, Mandalay