Benefit of American Curriculum in Inspire World American School

ကျွန်တော်တို့ Inspire World American School အနေဖြင့် ဘက်စုံပြည့်စုံသော ကျွမ်းကျင်မှု၊ စိတ်ဝင်စားမှုနှင့် အောင်မြင်မှုများကို ပြသနိုင်သည့် ကျောင်းသားများကို တန်ဖိုးထားမွေးထုတ်ပေးနိုင်ရန် အစဥ်တစိုက် ကြိုးပမ်းနေသည့် ကျောင်းတစ်ကျောင်းဖြစ်ပါသည်။

ထို့အပြင် IWAS တွင် လာရောက်သင်ကြားလျက်ရှိသော ဆရာများသည်  အမေရိကန်ပြည်ထောင်စု၊ ဗြိတိန် နှင့် တောင်အာဖရိက နိုင်ငံများမှ Licensed (လိုင်စင်ရ) Native English Speaking teacher များဖြစ်ပါသည်။သက်ဆိုင်ရာဘာသာရပ်တွင် အတွေ့အကြုံရင့်ဆရာများမှ သင်ကြားပေးလျက်ရှိသည့်အတွက်ကြောင့်  IWAS မှကျောင်းသားများသည် နိုင်ငံတကာအဆင့်မှီပညာရေးနှင့် အံဝင်ဂွင်ကျ ဖြစ်နိုင်ပြီး English 4 Skills  အား International Standard နှင့်အညီ ကျွမ်းကျင်မှုများ ရရှိနိုင်မှာဖြစ်ပါသည်။

Inspire World American School ၏နောက်ထပ်အားသာချက်တစ်ခုအနေနဲ့ကတော့  American Curriculum ကိုအသုံးပြုပြီး  သင်ကြားပေးသည့်အတွက် ကျောင်းသားများအနေဖြင့် များပြားလှစွာသော အကျိုးကျေးဇူးများကို နိုင်ငံတကာ စံချိန်နှင့် ကိုက်ညီစွာ ရရှိနိုင်မည်ဖြစ်ပါသည်။ 

American Curriculum အသုံးပြုပြီးသင်ကြားသောကြောင့် ရရှိလာမည့်အကျိုးကျေးဇူးများမှာ…

  • Global Recognition (ကမ္ဘာလုံးဆိုင်ရာ အသိအမှတ်ပြုမှု) 

American Curriculum သည် ကမ္ဘာတစ်ဝှမ်းရှိ ကျောင်းများ၊ တက္ကသိုလ်များတွင် အသိအမှတ်ပြု အသုံးပြုသော သင်ရိုးညွှန်းတမ်းဖြစ်သည်။ American Curriculum ကို အသုံးပြု သင်ကြားပေးသော ကျောင်းမှအောင်မြင်သောသူများသည် နိုင်ငံတကာထိပ်တန်းတက္ကသိုလ်များသို့ အလွယ်တကူ ဝင်ရောက်ခွင့် ရရှိနိုင်မည်ဖြစ်သည်။

  • English Language Proficiency 

English ဘာသာစကားဖြင့် သင်ကြားပို့ချသည်ဖြစ်၍ အင်္ဂလိပ်စကားပြောကြားသောနိုင်ငံများရှိ အဆင့်မြင့် ပညာရေးနှင့် အံဝင်ခွင်ကျဖြစ်နိုင်ပြီး နိုင်ငံတကာရှိ အလုပ်ခွင်များတွင် ဝင်ရောက်နိုင်ရန် အရေးကြီးသည့် စကားပြောစွမ်းရည်ကို ရရှိမည်ဖြစ်သည်။

  • Flexibility and Holistic Approach 

အမေရိကန်ပညာရေးသည် ပညာရေးထူးချွန်မှုကိုသာမက ထိုးထွင်းစဥ်းစားနိုင်မှု၊ တီထွင် ဖန်တီးလုပ်‌ဆောင်နိုင်မှု၊ လက်တွေ့ဘဝပြဿနာများကို ဖြေရှင်းနိုင်သည့် အရည်အချင်းနှင့် ဦးဆောင်မှုအရည်အသွေး စသည့် ရှု‌ထောင့်အသီးသီးမှ ကိုယ်ပိုင်အရည်အသွေးတိုးတက်မှုများကို အားပေးသော ပညာရေးစနစ်ဖြစ်သည်။ ဤပညာရေးစနစ်ဖြင့် Inspire World American School တွင်လေ့ကျင့်သင်ကြားပေးလျက်ရှိသည်။

  • College Preparation  

နိုင်ငံတကာရှိ တက္ကသိုလ်နှင့် ကောလိပ်များမှ ရှာဖွေလျက်ရှိသော အဆင့်မြင့် ကျောင်းသားကျောင်းသူများ ဖြစ်လာစေရန် လိုအပ်သော အရည်အချင်းဖြစ်သည့် effective communication (ပေါင်းသင်းဆက်ဆံရေးကောင်းမွန်မှု) ၊ independent study (ကိုယ်ပိုင်လေ့လာနိုင်စွမ်းကောင်းမွန်မှု) နှင့် research (အချက်အလက်များကို စိစစ်လုပ်ဆောင်နိုင်မှု) အစရှိသည်တို့ကိုပါ လေ့ကျင့်ဆောင်ရွက်ပေးပါသည်။

  • Adaptability and Diversity (လက်ခံနိုင်စွမ်း နှင့် မတူကွဲပြားမှု)

နိုင်ငံတကာတွင် အသုံးပြုနေသည့် မတူညီသော သင်ကြားမှုပုံစံများကို အလွယ်တကူလက်ခံနိုင်သော ကျောင်းသား၊ကျောင်းသူများဖြစ်လာပြီး  အဆင့်မြင့်ပညာ‌ရေးကိုရရှိနိုင်ရန်အတွက် လေ့ကျင့်သင်ကြားပေးပါသည်။

  • Project- Based Learning

ကျောင်းသားများကို သီအိုရီပိုင်းဆိုင်ရာ သင်ကြားချက်များကို လက်တွေ့လုပ်ဆောင်နိုင်သော ပရောဂျက်များပြုလုပ်စေခြင်းဖြင့် လက်တွေ့လုပ်ဆောင်နိုင်သော အရည်အချင်းများနှင့် အသေးစိတ်လုပ်ဆောင်နိုင်မှု အရည်အချင်းများဖြစ်ပေါ်လာအောင် ဂရုစိုက်သင်ကြားပေးလျက်ရှိပါသည်။

  • Emphasis on Extracurricular Activities

ကျောင်းစာပြင်ပလှုပ်ရှားမှုများဖြစ်သော အားကစား နှင့် အနုပညာအရည်အချင်းများကိုလည်း အဓိကထား ထည့်သွင်းသင်ကြားပေးလျက်ရှိသောကြောင့် ကျောင်းသားများကို ဦးဆောင်နိုင်မှုအရည်အချင်း၊ ပူးပေါင်းလုပ်ဆောင်မှုနှင့် တာဝန်ယူမှုများကို တိုးတက်စေပါသည်။ 

  • Continuous Assessment

IWAS တွင်ကျောင်းသားများ၏ တိုးတက်မှုများကိုလည်း အစဥ်အမြဲ စောင့်ကြည့် မှတ်တမ်းတင်ပေးလျက်ရှိပါသည်။ ဥပမာ- ကျောင်းတွင်းပါဝင်လှုပ်ရှားမှုများ၊ project လုပ်ဆောင်မှုများ နှင့် စာမေးပွဲများတွင် ဝင်ရောက်ဖြေဆိုမှု စသည့်တို့အ‌ပါ်တွင် စောင့်ကြည့် အမှတ်ပေးသော စနစ်များကိုအမြဲမပြတ်မှတ်တမ်းတင်‌ပေးထားခြင်းဖြင့် တိုးတက်မှုများအား အချိန်နှင့်အမျှ သိမြင်နိုင်မည်ဖြစ်ပါသည်။

  • Technology Integration

ကျွန်တော်တို့ Inspire World American School အနေဖြင့် အမေရိကန် သင်ရိုးအသုံးပြုပြီးသင်ကြားသည့် ကျောင်းဖြစ်သည့်အလျောက် စာသင်ကြားရာတွင်  အဆင့်မြင့်နည်းပညာများအား ထည့်သွင်းအသုံးပြုပြီး သင်ကြားပေးသည့်အတွက် ကျောင်းသူ၊သားများ အနေဖြင့် နည်းပညာအပေါ်မှီခိုနေသော Technology World ပေါ်တွင် လိုအပ်သည့် Technology Skill ထိတွေ့မှုများပြားစေပြီး Technology and Digital Literacy ၏အရေးပါမှုများအား ပိုမိုနားလည်အသုံးချ စေနိုင်မည်ဖြစ်ပါသည်။

နိုင်ငံတကာအဆင့်မှီ အမေရိကန်သင်ရိုးညွှန်းတမ်းတစ်ခုတည်းကိုသာ အသုံးပြုသင်ကြားပေးလျက်ရှိသော Inspire American School တွင် ကျောင်းသားများ၏ တောက်ပသောအနာဂတ်ကမ္ဘာကြီးကို ဖန်တီးကူညီပုံဖော်ပေးလျက်ရှိပါသည်…..

At Inspire World American School, our ongoing goal is to cultivate students who excel and succeed in every facet of their educational journey.

Additionally, we meticulously choose instructors from the United States, United Kingdom, and South Africa, guaranteeing their native English proficiency, substantial teaching background, and professional licensure in their relevant fields. Consequently, IWAS students will enjoy optimal advantages in mastering the four essential English skills, aligning with international standards.

Another advantage of Inspire World American School is our exclusive use of the American Curriculum, providing our students with educational standards that align with international norms. The benefits of the American curriculum are outlined below:

Global Recognition:

The American education system is widely recognized and respected globally. Students graduating from American curriculum schools often find it easier to gain admission to universities worldwide.

English Language Proficiency:

 The curriculum is delivered in English, contributing to strong language proficiency. This is a valuable skill in the global job market and for pursuing higher education in English-speaking countries.

Flexibility and Holistic Approach:

The American system encourages a well-rounded education, emphasizing not only academic excellence but also the development of critical thinking, creativity, and problem-solving skills. This is achieved through a broad range of subjects and extracurricular activities.

College Preparation:

American curriculum schools are designed to prepare students for higher education. They often focus on developing skills such as research, independent study, and effective communication, which are crucial for success in college.

Adaptability and Diversity:

 The curriculum is designed to be adaptable, allowing schools to incorporate diverse teaching methods and resources. This adaptability caters to the diverse needs and learning styles of an international student body.

 Project-Based Learning:

  The American curriculum often incorporates project-based learning, encouraging students to apply theoretical knowledge to real-world situations. This approach fosters practical skills and a deeper understanding of the subject matter.

Emphasis on Extracurricular Activities:

American schools place importance on extracurricular activities, including sports, arts, and community service. This holistic approach helps students develop leadership skills, teamwork, and a sense of social responsibility.

Continuous Assessment:

 The American system typically involves continuous assessment, with grades based on a combination of class participation, projects, and exams. This can provide a more comprehensive evaluation of a student’s abilities and progress.

Technology Integration:

 American curriculum schools often integrate technology into their teaching methods, preparing students for a digital world and enhancing their technological literacy.

At Inspire World American School, our continuous endeavor is to provide your child with a world-class education, utilizing the advantages of the American curriculum to nurture their future.

ဆက်သွယ်ရန်

Phone: 09- 761 230 590

Address: 102A, Between 66th Street * 67th Street, Mandalay, Myanmar

Email: inquiry@iwas.com.mm

Share this post