ကလေးငယ်များအနာဂတ် တောက်ပဖို့အတွက် IWAS (Inspire World American School)

Inspire World American School ဟာ မန္တလေးမြို့၏ အချက်ချာကျသည့်နေရာတွင် ဖွင့်လှစ်ထားပြီး American နိုင်ငံတွင်အသုံးပြုသော သင်ရိုးများ(Curriculum) ကို အသုံးပြုကာ နိုင်ငံတကာမှ အသိမှတ်ပြုလက်မှတ်ရရှိထားသော Certified Teacher များဖြင့် သင်ကြားပေးလျက်ရှိပါသည်။

ကျောင်းသူကျောင်းသားများ၏ Academic Progress အားတစ်နှစ်လျှင် ၃ကြိမ် MAP Testing ကို အသုံးပြု၍ စစ်ဆေးပေးတာကြောင့် ဆရာ၊မ များအနေဖြင့် ကျောင်းသူကျောင်းသား တစ်ဦးချင်းစီ၏ တတ်မြောက်မှုတိုးတက်မှုအခြေအနေများအား အချိန်နှင့်အမျှ သိရှိနိုင်ပြီး ကျောင်းသား တစ်ဦးချင်းစီအလိုက် ကျွမ်းကျင်သည့်ဘာသာရပ်များ၊ ဖြည့်စွက်ပေးရန်လိုအပ်သည်များကို အသေးစိတ်သိရှိစေနိုင်ပါသည်။


ကျောင်းတွင်းပညာရေးသာမက စာသင်ခန်းပြင်ပတွင်ရှိသော ဗဟုသုတများ၊ အဖွဲ့လိုက် လှုပ်ရှားမှုများ၊ မိမိဝါသနာပါရာလိုက်စားမှုများ၊ ပတ်ဝန်းကျင်အကျိုးပြုလုပ်ငန်းများတွင်လေ့လာဆည်းပူးနိုင်ပြီး ကျောင်းသားကျောင်းသူများ၏ Emotional Quotient များမြင့်မားလာစေရန်အတွက် Activities များစုံလင်အောင် Extra Curricular Activities များအနေဖြင့်

  • ကျောင်းတွင်းအားကစား ပြိုင်ပွဲများတွင် လှုပ်ရှားပါဝင်စေခြင်း
  • Music and Arts Activities များဆောင်ရွက်ပေးခြင်း
  • ကျောင်းသားများ၏ ကာယဉာဏ ဖွံ့ဖြိုးတိုးတက်စေရန် Fitness and Wellness Programs စီစဥ်ပေးခြင်း
  • သင်္ချာစွမ်းရည် (Math Olympiad) ၊ စာလုံးပေါင်း (spelling bees)၊ စကားရည်လု (debate tournaments) အစရှိသည့် Academic Competitions များပြုလုပ်ပေးပြီး မိမိကိုယ်ကို ယှဥ်ပြိုင်လိုစိတ်များ မွေးထုတ်ပေးခြင်း
  • သဘာဝပတ်ဝန်းကျင်း ထိန်းသိမ်းရေးနှင့် အများအကျိုးပြုလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နိုင်ရန် Community Service Program များဖြင့် လှုပ်ရှားပါဝင်စေခြင်း
  • မြန်မာ့ရိုးရာ အခါကြီးရက်ကြီးများနှင့် International Event Days များအတွက် Special Day School Events Program များအစရှိသည့် Activities များကိုပါ စီစဥ်ပေးထားပါသည်။


“Activities တိုင်းဟာ ကျောင်းသားတစ်ယောက်ချင်းစီအတွက် အမှတ်ရစရာ ပုံရိပ်များဖြစ်ပြီး ဘဝတိုးတက်ရာလမ်းကြောင်းမှာ မှတ်တိုင်လေးတစ်ခုအနေနဲ့ စွဲထင်ကျန်ရစ်ခဲ့မယ်ဆိုတာ ကျွန်တော်တို့ IWAS အနေနဲ့ ယုံကြည်မှုအပြည့်ရှိပါတယ်”


ဒါ့အပြင်ကျောင်းတွင်း ဝန်ဆောင်မှု(Facilities) များအနေဖြင့်

  • Classroom တိုင်းတွင် Touchscreen Digital Whiteboard များဖြင့်သင်ကြားပေးခြင်း
  • Digital Literacy အား ရင်းနှီးစေရန် Computer Rooms များပါရှိခြင်း
  • ကျောင်းအတွင်း ရေကူးကန်ပါဝင်ခြင်း
  • ကျောင်းသားကျောင်းသူများအတွက် Canteen ပါဝင်ခြင်း
  • ကျောင်းသားကျောင်းသူများ ကစားရန် Playground များစီစဥ်ပေးထားခြင်း
  • Basketball ကွင်း အစရှိသည့် ဝန်ဆောင်မှုများစွာပါဝင်ပါသည်။


Inspire World American School အနေဖြင့် December (1) ရက်နေ့မှစပြီး 2024-2025 ပညာသင်နှစ်အတွက် ကျောင်းအပ်စတင်လက်ခံနေပြီဖြစ်တာကြောင့် သိချင်သည်များ၊ မေးမြန်းလိုသည်များအား အချိန်မရွေးဆက်သွယ်မေးမြန်းနိုင်ပါပြီ….


Phone: 09761230590
Address: 102A, Between 66th Street * 67th Street, Mandalay, Myanmar
Email: inquiry@iwas.com.mm
Contact Us: https://iwas.com.mm/contact-us/

Share this post