𝐀𝐝𝐯𝐞𝐧𝐭𝐮𝐫𝐞 𝐓𝐨𝐮𝐫 𝐨𝐟 𝐏𝐲𝐢𝐧 𝐎𝐨 𝐋𝐰𝐢𝐧 𝐟𝐨𝐫 𝐆𝐥𝐨𝐛𝐚𝐥 𝐋𝐞𝐚𝐫𝐧𝐞𝐫𝐬

ယခုတစ်ခေါက် ကျောင်းလေ့လာရေးခရီးစဥ်အတွင်း ပြင်ဦးလွင်ရဲ့ ဒေသန္တရဗဟုသုတများကို လည်ပတ်လေ့လာပြီး စာသင်နှစ်တစ်နှစ်လုံး ပင်ပန်းမှုများကို ဖြေဖျောက်နိုင်ခဲ့ပြီး အားအင်သစ်များရရှိခဲ့ကြပါတယ်။

ကျောင်းမှ တာ၀န်ရှိသူများ၊ ဆရာ/မများ၊ ကျောင်းသား/သူများပါ၀င်ခဲ့ကြတဲ့ ခရီးစဥ်လေးတွင်

Botanic Garden ဖြစ်တဲ့ ပြင်ဦးလွင်မြို့၏ အထင်ကရ ကန်တော်ကြီး ဥယျာဥ် အတွင်းရှိ အပင်မျိုးစိတ်များ၊ အပင်များ၏ ဂေဟစနစ်နှင့် ထိန်းသိမ်းရေးလုပ်ငန်းစဥ်များကို ✅ Biodiversity Education တစ်ခုအနေနဲ့ လွတ်လွတ်လပ်လပ် လေ့လာသင်ကြားခဲ့ကြပါတယ်။

ဒါ့အပြင် ရုက္ခဗေဒဥယျာဥ်အတွင်းမှ အပင်များ၏ ဂေဟစနစ်များနှင့်ပတ်သက်ပြီး သိပ္ပံနည်းကျ သိလိုသည်များ စုံစမ်းမေးမြန်းကာ လက်တွေ့သင်ယူရတဲ့ ✅ Scientific Inquiry Learning အတွေ့အကြုံများကို ရရှိခဲ့ကြပါတယ်။

အေးချမ်းသာယာတဲ့ရာသီဥတု၊ သမိုင်းဆိုင်ရာအဆောက်အဦးများ၊ မြို့၏ဖွဲ့စည်းပုံ နှင့် ယဥ်ကျေးမှု အစားအစာများဖြင့် ထင်ရှားတဲ့ ပြင်ဦးလွင်မြို့ကို လည်ပတ်ရင်းနဲ့

✅ Cultural Understanding

✅ Historical Education နှင့် ပတ်သက်သော အသိပညာများတိုးတက်ခဲ့ကြပါတယ်။

နောက်တစ်နေ့တွင်လည်း ပြင်ဦးလွင်မြို့၏ View Piont သို့သွားရောက်ပြီး Zipline စီးသည့် စွန့်စားမှုတစ်ခုလုပ်ဆောင်ပြီး

✅ Physical Development

✅ Confidence Building

✅ Environmental Awareness စတဲ့ IB learners များရဲ့ အရည်အသွေးများ ပြည့်မြောက်ကာ စိတ်ကျေနပ်ပျော်ရွှင်ခဲ့ရလို့ အားလုံးအတွက် အမှတ်တရ ကျောင်းလေ့လာရေးခရီး တစ်ခုဖြစ်ခဲ့ပါတယ်။

IB framework နှင့် American Curriculum ကို ပေါင်းစပ်ကာ ထူးချွန်သော 🌏 Global Learners များကို ပျိုးထောင်ပေးနေတဲ့ IWASရဲ့ သင်ကြားရေးနည်းလမ်းများကို School Visit လာရောက်လေ့လာနိုင်ပါကြောင်း ဖိတ်ခေါ်လိုက်ရပါတယ်။

Contact us

Phone: 09-761230590

Address: 102A, Between 66th * 67th Street, Mandalay